Pages

Tuesday, December 21, 2010

လူငယ်စကားဝိုင်းအတွက်လူလတ်စကား

 ဒါ တပ်ကြပ်ကြီး (ကို)နေမင်းသူ  လူငယ်စကားဝိုင်းအတွက် ပို့ပေးထားတဲ့ဆောင်းပါး ပါခင်ဗျ ။ အကို ကခေါင်းစဉ်ရေးမပေးလိုက်တဲ့အတွက်ကျနော် ပဲ အဆင်ပြေ မယ်ထင်တဲ့ဟာပေးထားတာပါ။ ဆောင်းပါး ကိုယ်ထည်ကိုတော့
တစ်လုံးမှ ပြင်ဆင် ဖြတ်တောက် ဖြည့်စွက်တာ မလုပ်ပါဘူး ခင်ဗျ ။ ပြီးတော့ ဟစ်တိုင် http://www.hittai.net/ 
  နဲ့ နေ့သစ် http://www.naytthit.net/
မှာပါတဲ့ သူ့ဆောင်းပါးတွေကို အဆင်ပြေသလို ယူသုံးဖို့ ပြောထားပါတယ်။ အဲဒီ အတွက် ကိုနေမင်းသူ ကိုကျေးဇူးအများကြီးတင်ရ
ပါတယ် ခင်ဗျ ။တအားလည်းတက်ရပါတယ်။   ကျနော်ရေးတင်ထားတဲ့ ကျနော့် အမြင်အတွေးတွေကို ဘယ်သူမှ ကျယ်ကျယ်ပြန့်ပြန့် ပြန်ဆွေးနွေးတာ မတွေ့လို့ဘာအကြောင်းဆက်ရေးရင်ကောင်းမလဲ စဉ်းစားနေတာနဲ့ ကြားထဲမှာတော်တော် အဆက်ပြတ်သွားပါတယ်။ အခုတော့ ကိုနေမင်းသူ ရဲ့အမြင်တွေကိုပဲ ကျနော်ပြန်ဆွေးနွေးဖို့စဉ်းစားထားပါတယ်။ ကိုနေမင်းသူ ဆောင်းပါးတွေနဲ့ နှစ်ရက် သုံးရက် လောက်ခြားပြီး ကျနော်တွေးမိတာတွေကို ရေးတင်ပါ့မယ်။  - ဝါခေါင်



ကိုဝါခေါင်ရေ
             ဒီလိုပဲရင်းရင်းနှီးနှီးသုံးနှုန်းလိုက်မယ်နော်။ဘယ်သူကအသက်ပိုကြီးမလဲတော့မသိဘူး။ဘယ်လိုပဲဖြစ်ဖြစ်ယဉ်
ကျေးမှုအရတော့ဒီလိုပဲကောင်းပါတယ်။ကျနော်ကတော့ ကျနော့ဆောင်းပါးတေစ်ခုမှာ ဖော်ပြထားတဲ့အတိုင်း ၁၉၈၈ မှာဆယ်တန်းအောင်ပြီးတာ နှစ်နှစ်ရှိပြီ။
          ဒါပေမယ့် အဲဒီတုန်းက ကျနော် တက္ကသိုလ်မှာ ရှိမနေခဲ့ပါဘူး။ ရန်ကုန်မြို့လမ်းနီလေးမှတ်တိုင်နားက စက်မှု(၁) ၀န်ကြီးရုံးမှာနေ့စားဝန်ထမ်းပါ။ ကျနော့်အဖေက ကျနော့ကိုတက္ကသိုလ် ဆက်ထားဖို့ရည်မှန်းခဲ့ပေမယ့် ကျနော်ဆယ်တန်းအောင်ချိန်မှာ အိမ်ကစီးပွားရေးအခြေအနေအကောင်းတော့ဘူး။ မိဘတွေက လယ်သမားပါ။          ခုဆိုလိုတာတော့ လူငယ်စကားဝိုင်းမှာ ကျနော်ကလူလတ်ပိုင်းတစ်ယောက်အနေနဲ့ ပါဝင်ဆွေးနွေးတဲ့ သဘောပါ။ ကျနော့မှာလည်း ပြောချင်တာတွေက တပုံတပင်ကြီး ရှိပါတယ်။ ခုလိုစကားဝိုင်းလေးတစ်ခုကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားရင်သိပ်ကောင်းမှာပဲ။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင်တောင်မှ အဖက်ဖက်က သိသိသာသာ နိမ့်ကျနေတဲ့ တိုင်းပြည်တခုရဲ့အရေးကို လူငယ်တွေစိတ်ဝင်တစားရှိတာကောင်းတဲ့ လက္ခဏာရပ်ပါ။
တိုင်းပြည်ရဲ့ အနာဂတ်အရေးဟာ လည်းလူငယ်တွေရဲ့ အပေါ်မှာ မှုတည်နေတယ်မို့လား။ နှောက်ပြီးစည်းတွေဘောင်တွေမထားပဲ  လွတ်လွတ်လပ်လပ် ဆွေးနွေးကြတာပိုကောင်းပါတယ်။ (ဒါပေမယ့် တရားဝင်သတ်မှတ်ပြဌာန်း မထားပဲအားလုံးက understood ဖြစ်ဖို့လိုတဲ့ စည်းကမ်းလေးတစ်ချက်တော့ ရှိထားရင်ကောင်းမယ်ထင်တယ်။ အဲဒါက ဖရုဿဝါစာ တွေရှောင်ကြဖို့).
          ကျနော်ငယ်ငယ်က စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ နိုင်ငံရေးသမားပေါက်စဘ၀မှာ  သူတို့ရဲ့ရှေ့ မျိုးဆက်နိုင်ငံရေးသမားကြီးအချို့က ဗိုလ်ချုပ်တို့ကို မလောက်လေးမလောက်စားတွေဆိုပြီး မျက်ရယ်ပြုသတဲ့။ အဲဒီမှာ ဗိုလ်ချုပ်တုန့်ပြန်လိုက်တာက “ဟုတ်တယ် ခင်ဗျာတို့လူကြီးတွေ သောက်သုံးမကျလို့ ကျနော်တို့လို လူငယ်တွေပညာရေးကို ကျောခိုင်းပြီး နိုင်ငံရေးလှုပ်ရှားနေရတာ” တဲ့။ အမှန်ပါပဲ လွတ်လပ်ရေးကြိုးပမ်း လှုပ်ရှားမှုဟာ ဗိုလ်ချုပ်တို့ ခေတ်ရောက်မှ ကမ္ဘာနဲ့ယှသ်ပြီးတွေးခေါ်လုပ်ကိုင်တာတွေ များလာပြီး တိုးတက်အောင်မြင်မှုတွေ တဟုန်ထိုးရလာတာ။ နောက်ပြီးယဉ်ကျေးတဲ့ ဖွံ့ဖြိုးတဲ့လူ့အဖွဲ့အစည်းတွေမှာ လူငယ်တွေရဲ့အသံကို အလေးထားကြတယ်။ ၁၉၉၀ အလွန်နှစ်တွေက အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေးပေါ်လစီအညွှန်း ဖြစ်ခဲ့တဲ့ နီယိုကွန်ဆာဗေးတစ် အယူအဆ (ခရစ္စတော်(လ်)ကေဂန်အာဂျင်ဒါ) ဆိုတာဟာ လူငယ်တွေ လက်ဖက်ရည်ဝိုင်း ဘီယာဝိုင်းမှာဆွေးနွေးကြတဲ့ အကြောင်းအရာကို အခြေခံပြီးဖြစ်ပေါ်လာတာလို့လည်း ကျနော်မှတ်သားဖူးတယ်။ နောက်ပြီးမတင်စားအပ်တဲ့ အတိတ်သမိုင်းတခုကို  ကိုးကားပြရရင် ဂျာမဏီအာဏာရှင်ကြီး ဟစ်တလာ ဟာသူရဲ့ အယူအဆတွေကို လမ်းဘေးစကားဝိုင်းတွေက အစပြုထူထောင်ခဲ့တာပဲ။
          ဒီတော့လုပ်သာလုပ်ပါ။ သူငယ်ဆိုတာအနာဂတ်ကို ပိုင်တယ်။ အဲဒီအချက်ကပဲလူကြီးတွေထက် ကိုယ်ကသာနေတာ။ သို့သော်လည်း လူကြီးတွေအပေါ် မှန်မှန်ကန်ကန် နားလည်ပေးဖို့တော့လို့ လိမ့်မယ်။ ဒီအတွက်သမိုင်းကို မျက်ခြေမပြတ်စေချင်ဘူး။ အစွဲကင်းကင်းနဲ့ လေ့လာစေချင်တယ်။ ဒီနေရာမှာ ဆရာကြီးလုပ်တယ်လို့ မထင်စေချင်ပါဘူး။ ကျနော်ကိုယ်တိုင် အစွဲတရားကို ခုံမင်ခဲ့ဖူးလို့ပါ။ အရောင်တွေဘောင်တွေကြား ကရှုမြင်ဆွေးနွေး နေကြရင် ကိုဝါခေါင်တို့ ကျနော်တို့ မျှော်မှန်းနေတဲ့ သင့်မြတ်ရေးဆိုတာ ဖြစ်လာနိုင်ပါ့မလား။
          သစ်တောနဲ့သစ်ပင်ရှိရာမှာ သစ်တစ်ပင်ချင်းကို အရင်လေ့လာသုံးသပ်ပြီးမှ သစ်တောနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရင် အမှန်တရားနဲ့ ပိုပြီးနီးစပ်မယ်လို့ ထင်မိပါတယ်။ ကျနော်တို့ ဒီစကားဝိုင်းမှာ ဆုံတွေ့ကြတာဟာ သစ်တစ်ပင်ချင်းကို စူးစမ်းလေ့လာအကဲ ဖြတ်နေကြတာမဟုတ်လား။ ဒီနေရာ ကနေပြီးစကားဝိုင်း ဧရိယာကို တဖြည်းဖြည်းချဲ့သွား ကြတာပေါ့။ ပြည်တွင်း/ပြည်ပက လူငယ်တွေ ဆုံဆည်းရာ Forum ကလေးဖြစ်လာစေချင်ပါတယ်။
          ကဲကဲ..ကိုယ့်ကိုယ် ကိုမိတ်ဆက်ရင်း ကိုယ်ဖြစ်စေချင်တာတွေကို နိဒါန်းပျိုးနေတာနဲ့ပဲ စာအတော်ရှည်သွားပြီမို့ နောက်တပတ်မှပဲ..အရပ်ထဲကလူငယ်တွေ သိချင်နေတဲ့ တပ်မတော်နဲ့ တပ်မတော်သား တွေရဲ့ အကြောင်းကို ကျနော်သိသလောက် မခြွင်းမချန် ပြောပြပေးပါမယ်။ သိချင်တာလေးတွေ ရှိရင်လည်းကျနော့ အီမေးလိပ်စာ nayminthu.po@gmail.com ကို မေးခွန်းလေးတွေ ပို့ထားစေချင်ပါတယ်။ ကြိုတင်ပြီး မေတ္တာရပ်ခံထားချင်တာက ကျနော်ဟာ ရေတပ်သားတစ်ဦးဖြစ်တာကြောင့် ရေတပ်နဲ့ပတ်သက်ပြီးဆွေးနွေးရင် ပို အဆင်ပြေမယ်ထင်ပါတယ်။
          နှစ်ဦးနှစ်ဖက် အပြန်အလှန် ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ရင်း သံသယတွေ ကွယ်ပျောက်ပြီး အမှန်တရားကို ဖော်ဆောင်ကြပါစို့။
အားလုံးသောလူငယ်တွေ ရွှင်လန်းချမ်းမြေ့ကြပါစေ။

   နေမင်းသူ
၂၁-ဒီဇင်ဘာ-၂၀၁၀

2 comments:

  1.ုကိုဝါခေါင်ရေ
    ကိုနေမင်းသူကတဆင့် ခင်ဗျားရဲ့ဘလောက်လေးအကြောင်းနဲ့ ခင်ဗျားရဲ့ ရင်ထဲကစကားလေးတွေကိုကြာလိုက်ရတယ်ဗျာ။ သဘောတူစရာအကြောင်းအများကြီးတွေ့လိုက်ရတာမို့ ခုလိုဆက်သွယ်လိုက်ရတာပါ။ ကျနော်လည်းဝင်ရောက် ဆွေးနွေးရေးသားလိုပါတယ်။
    ကျနော်တို့မျှော်လင့်နေတဲ့လူငယ်တယောက်နဲ့ ပြောဆိုဆက်သွယ်ခွင့်ရတာဟာ ၀မ်းမြောက်စရာပေါဗျာ
    ကျနော့် အီးမေး lubo601@gmail.com ကိုလည်းဆက်သွယ်နိုင်ပါတယ်။
    နောက်ကိုအဆက်အသွယ်မပြတ်သွားအောင် အလုပ်ရှာကြတာပေါ့ဗျာ
    လူဗိုလ်

    ReplyDelete
  2. ကိုလူဗိုလ်ရေ
    နွေးထွေးစွာကြိုဆိုပါတယ် ခင်ဗျာ။
    ကျနော့် မေးလ် warkhaun@gmail.com ကိုရောက်လာတဲ့ ဘယ်ဆွေးနွေးချက်
    မဆို ဖရုသဝါစာ နဲ့ ဘာသာရေးစော်ကားမှူမပါရင် တစ်လုံးတစ်လေမှ
    ပြင်ဆင်၊ ဖြတ်တောက် ၊ ဖြည့်စွက်တာမလုပ်ပဲ ဘလော့ဂ်ပေါ် တင်ပေးဖို့ အဆင်သင့်ပါ
    အကို ။ ကျနော်လည်း အကိုတို့လို ဝင်ဆွေးနွေးမည့်သူတွေကို မျှော်နေတာပါ ခင်ဗျာ။

    ReplyDelete