Pages

Friday, December 10, 2010

ကိုကြည့်အတွက်စကား

ကိုကြည်ရေ
       Comments box ထဲကနေပြန်ရေးရင် အရှည်ကြီးဆို တစ်ခုလုံးမပေါ်ပဲ တဖြတ်တဖြတ်လိုက်ဖတ်နေရရင် အဆင်မပြေမှာစိုးလို့ ပို့စ် တစ်ခုအနေနဲ့ရေးပါရစေ ။
 အားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် အကို ။ ကျနော်ဗမာ မဟုတ်ပေမဲ့ ဗမာ တွေကိုအသား
လွတ်ကြီးမုန်းတဲ့ အထဲမှာမပါပါဘူး။ ကျနော့်မှာ ကျနော့်ကိုချစ်ကြတဲ့ ကျနော်ကလည်းချစ်တဲ့ ဗမာ သူငယ်ချင်း
အရင်းခေါက်ခေါက်တွေအများကြီးပါ အကို ။ ပြီးတော့ ကျနော်တို့မှာ ဗမာ ဖြစ်ရမယ် မွန် ဖြစ်ရမယ် ကရင်ဖြစ်ရမယ်
ရခိုင်ဖြစ်မယ် အဲဒီလိုရွေးချယ်ပိုင်ခွင့်မရှိပါဘူး။ ဗမာ အမိနဲ့အဖ ကမွေးရင်ဗမာ ဖြစ်မယ်။ ကရင် အမိနဲ့အဖကမွေးရင်ကရင်ဖြစ်မယ်။ကျနော်တို့မိဘနဲ့မျိုးရိုးကို ကျနော်တို့ ရွေးလို့မရပါဘူး။   ဒေါက်တာလွဏ်းဆွေ ဘလော့ဂ် ထဲမှာဝင်ရေးတာ ရဲဘော်ကျော်သန်း ရဲ့ အာဘော်နဲ့ အမြင်ကို သဘော
မတူလို့ ရယ် ၊ အခုမှစလုပ်တဲ့ ဘလော့ဂ် လူသိအောင် ကြော်ငြာတဲ့သဘောရယ် ပါ။ ဆရာလွဏ်း ဘလော့ဂ်မှာ ကိုကြည် ဖတ်မိတဲ့ မှတ်ချက်က  တိုတိုလေးတစ်ခု
ထင်ပါတယ် ။တိုင်းရင်းသားတွေဖက်ကအမြင်နဲ့ ခံစားချက်ကို ကျနော်  ရှည်ရှည်ဝေးဝေး ရေးထားတာ တစ်ခု ရှိပါတယ်။ အဲဒါကို ဆရာလွဏ်း က စကားလုံး
အသုံးအနှုန်းတွေ Sensitive  ဖြစ်လွန်းတယ်ထင်လို့လားမသိဘူးဗျ ကျနော်ဝင်ရေးပြီးမကြာဘူး အကုန် ဖျက်ပစ်လိုက်ပါတယ်။ ပြီးတော့ ကျနော့် ဘလော့ဂ် ကို ကြော်
ငြာပေးထိုးပေးမယ်လို့ အီးမေးလ် ပို့ထားပေမယ့် ခုထိတော့ ကျနော့် ပို့စ်တွေ သူ့ဘလော့ဂ် ပေါ်မှာ ပေါ်မလာသေးပါဘူး။ သင့်မြတ်ရေးကို ဦးတည်ထားလို့
သဘောမကျတာလား ၊ သူ့ဟာသူ အလုပ်များနေလို့လား မသိဘူး ကိုကြည်ရေ ။ ရှိစေဗျာ ။
အကိုစဉ်းစားကြည့်ဗျာ ။ ရဲဘော်ကျော်သန်း က တိုင်းရင်းသားတွေရဲ့ အမျိုးသားရေးစိတ်ဓာတ်ကိုလက်ညိုးထိုးပြီးတော့ သူကိုယ်တိုင်
ကျတော့ ကိုထွန်းအောင်ကျော် အကြမ်းဖျဉ်း အဆိုပြုထားတဲ့ သုဝဏဘူမိ ဆိုတဲ့ တိုင်းပြည်ရဲ့ နာမည်သစ် ( ဒါတွေက စိတ်ကူးယဉ်ဆန်ပါတယ်ဗျာ၊
အဝေးကြီးလိုပါသေးတယ် ၊ သူတို့တွေတင်ပြလာလို့ ပြန်ဆွေးနွေးကြတဲ့သဘောပါ ) ကိုကန့်ကွက်ပြီး တိုင်းရင်းသားတွေလုံးဝ မကြိုက်တဲ့ ဗမာပြည် ဆိုတဲ့
နာမည်ကိုပဲ သုံးမြဲတိုင်းဆက်သုံးကြဖို့ အချက်အလက်တွေနဲ့ ပြန်တင်ပြတာ။ အဲဒီတော့ ကျနော်က ရှေးတုန်းက မွန်ဘုရင်တွေ အုပ်ချုပ်ခဲ့တဲ့ သထုံ ကို
သုဝဏဘူမိ လို့ခေါ်ခဲ့ကြဖူးတော့  မွန်အငွေ့အသက်များ လို့ သုဝဏဘူမိ ဆိုတဲ့နာမည်ကို မကြိုက်တာလားလို့ ပြန်မေးခွန်းထုတ်ထားတာ ။ ပြီးတော့
 ကျနော်ကိုယ်တိုင် မွန် မဟုတ်ပေမဲ့ ရွှေရောင်တဝင်းဝင်းနဲ့ စေတီပုထိုးတွေပေါတဲ့ ပြည်ကို သုဝဏဘူမိ ( ရွှေမြေ ) လို့ခေါ်တာ ဘာမှကန့်ကွက်စရာ
မရှိပါဘူး လို့ ပြန်တုန့်ပြန်ထားတာ ။
ကျနော်လူမျိုးရေးကို ဆွေးနွေးချင်စိတ်မရှိပါဘူး။ အခုစကားစပ်မိ လို့ နည်းနည်းပြောဖြစ်တာပါ။ ပြီးတော့ ကျနော်ကတိုင်းရင်းသားဆိုပေမယ့်
ခွဲထွက်ရေးထက် ဖက်ဒရယ် ကိုပဲပိုအားသန်ပါတယ် ။ကျနော်တို့ သာမာန်ပြည်သူတွေကို မတူသလို မတန်သလိုနှိမ်၊ အစိုးရကိုကျတော့ ကာဆီးဆီးလုပ်ပြီး အမြတ်ထုတ်နေတဲ့  ထိုင်း ၊ မလေးရှား နှင့် စင်င်္ကာပူ တို့နဲ့ စီးပွါးရေးအရယှဉ်ပြိုင်ဖို့ ပိုစိတ်ဝင်စားလို့ပါ။
အဲဒီလို ယှဉ်ပြိုင်ဖို့ဆို အခုလက်ရှိ ရှိနေတဲ့ နယ်မြေ အကျယ်အဝန်း လူဦးရေပမာဏ နဲ့မှဖြစ်နိုင်လိမ့်မယ်လို့လည်းထင်ပါတယ် အကို ။
ကျနော့်သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ် ၊ မြန်မာပြည် ပြောင်းလဲတိုးတက်သွားရင် သူတို့ထက်သာသွားမှာစိုးလို့ မနာလိုဖြစ်နေတာ
လည်းပါမယ်တဲ့ ။ မဟုတ်ဖူးပြောလို့မရဘူး ဗျ ။ တရုတ် နှင့် အိန္ဒိယ ရဲ့ကြားမှာ ရှိနေပြီး အိန္ဒိယ သမုဒ္ဒရာ ကိုမျက်နှာမူထားတဲ့ တဲ့မြန်မာပြည်ကို ပထဝီနိုင်ငံရေး ( Geopolitics ) အရ အရေးမကြီးချင်လည်း သိပ်ကိုအရေးကြီး တဲ့နေရာမှာရှိနေတယ်လို့ ဒေသတစ်ခုလုံးက လက်ခံထားကြတာ။
ဟုတ်ပြီ ကိုကြည်ရေ ။ အားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်လို့ ထပ်ပြောပါရစေ။ ပြီးတော့ တစ်ဆက်တည်း ဗျာ အကို့သူငယ်ချင်းတွေဆီ ဒီ လင့်ခ် ကို  Forward လုပ်ပြီး ကြော်ငြာပေးဖို့တောင်းဆိုပါရစေ။

 ကိုကြည်ကျန်းမာရွှင်လန်းကြပါစေခင်ဗျား,
 
      လေးစားစွာဖြင့်

2 comments:

  1. ဘလော့ဂ် ပိုင်ရှင်ရဲ့ ခံယူချက်ကိုကျွန်တော်လဲသဘောတူပါတယ်၊ ကမ္ဘာ့အလယ်မှာ ကျွန်တော်တို့လူမျိုးမျက်နှာငယ်နေရတာကြာပါပြီ၊
    သူများနိုင်ငံတွေလိုပဲ ချမ်းသာချင်ပြီ၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း
    လောက်တိုးတက်ရင် မဆိုးပါဘူး၊ ၉၀ ခုနှစ်လောက်မှာစတိုးတက်ဖို့
    အားယူနေပါပြီ၊ အဲဒီ့တုန်းလောက်ကစပြီ မှန်ကန်တဲ့ဦးဆောင်မှု့တွေနဲ့
    ချီတက်နိုင်ခဲ့ကြရင် အခု ၂၀၁၀၊ နှစ်၂၀အတွင်း တော်တော်တိုးတက်တဲ့
    နိုင်ငံဖြစ်နေလောက်ပြီ၊ လူတွေကိုပဲအပြစ်တင်ရမလား၊ ကံကိုပဲပုံချရမလားတောင် မပြောတတ်တော့ပါဘူး။

    ReplyDelete
  2. အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အကို ။ ကျနော် မျှော်မှန်းထားတာလည်း အမြင့်ကြီး မဟုတ်ပါဘူး။
    အရှေ့တောင်အာရှရဲ့ရှေ့ပြေးနိုင်ငံတွေနှင့်ယှဉ်ပြိုင်ချင်တယ်ဆိုတာလည်း သူတို့တွေကနှိမ်လွန်းလို့
    မှန်ကန်တဲ့စီမန်ခန့်ခွဲမှုသာရှိရင် သူတို့ထက် ကောင်းအောင်လုပ်နိုင်တဲ့ အရည်အချင်းနှင့် ရင်းမြစ်တွေ
    ရှိတယ်ဆိုတာကို ပြချင်လို့ပါ။

    ReplyDelete