Pages

Friday, November 26, 2010

ကျနော်တို့သင့်မြတ်ကြရအောင်

  အမျိုးသားပြန်လည်သင့်မြတ်ရေး တို့ ၊ ရင်ကြားစေ့ရေးတို့ လို ခေါင်းစဉ်တွေတပ်ရင် ကြီးကျယ်နေမှာစိုးလို့ ပေါ့ပေါ့ပါးပါး ခေါင်းစဉ်ရှာတပ်ထားတာ
ပါ ။ ပြောချင်တာကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး ပါပဲ ။ လူကြီးတွေ မသင့်မြတ်ခင် လူငယ်တွေ သင့်မြတ်ဖို့အကြောင်း အရင်ပြောပါ
ရစေခင်ဗျ ။
  ကျနော့် အမြင်ကိုပြောရရင် အဖွဲ့အစည်းတစ်ခုခု ၊ နေရာဒေသတစ်ခုခု ၊ တိုင်းပြည်တစ်ခုခု မှာ ကောင်းတဲ့သူတွေချည်း ဒါမှမဟုတ်
မကောင်းတဲ့သူတွေချည်းပဲ ရှိမနေနိုင်ပါဘူး ။ အဖွဲ့အစည်းတိုင်း၊ နေရာဒေသတိုင်း၊ တိုင်းပြည်တိုင်းမှာ ကောင်းတဲ့သူ နဲ့ မကောင်းတဲ့သူ အမြဲတမ်း
ရောနှောပြီးရှိနေမှာပါ ။ ဒီမိုကရေစီကို ချစ်မြတ်နိုးကြတဲ့သူတွေ နဲ့ မြန်မာပြည် ဒီမိုကရေစီ ထွန်းကားရေး အတွက်တိုက်ပွဲဝင်နေကြတဲ့ သူတွေထဲမှာ ကောင်းတဲ့သူတွေချည်းပဲရှိမှာ မဟုတ်ပါဘူး ၊ မကောင်းတဲ့သူတွေလည်း သေချာပေါက်
ရှိနေမှာပါ ။ ထိုနည်းလည်းကောင်းပဲ စစ်တပ်ထဲမှာလည်း မကောင်းတဲ့ တပ်မှူး တပ်သား တွေရှိသလို ၊ ပြည်သူလူထုရဲ့ ဒုက္ခဆင်းရဲတွေကို စာနာနားလည်ပြီး
 သူရသတ္တိ နဲ့ ဉာဏ်ပညာ ( wisdom ) နှစ်မျိုးစလုံးနဲ့ ပြည့်စုံတဲ့ တပ်မှူး တပ်သားတွေလည်း  အသေအချာရှိနေမှာပါ ။ စစ်တပ်တစ်ခုလုံး သူရဲဘော နဲ့ အီးဘောလောချည်းပဲ ရှိုနေ
လိမ့်မယ်လို့ ကျနော် လုံးဝ မယုံကြည်ပါဘူး ။ ကျနော်တို့က စစ်တပ်အသိုင်းအဝိုင်းကို မုန်းတီးတဲ့စိတ်နဲ့ ကြည့်တဲ့အခါကျတော့ သူတို့ဘာလုပ်လုပ် အပြစ်ပဲ မြင်နေတတ်ပါတယ် ။
 မသန္တာရွှေ မင်္ဂလာဆောင် တာက အစ ဖိုးလပြည့် မွေးနေ့လုပ်တာ အဆုံး အကုန်လုံး အပြစ်ချည်း ဖြစ်နေတာပါ ။ ကျနော်တို့ မုန်းတာတွေခဏဘေးချပြီး ကြည့် မှ အမှန်တရားနဲ့ပိုနီးစပ် လိမ့်  မယ်လို့ထင်  ပါ တယ် ။   သူတို့မှာလည်း အထက်ကအမိန့်ပေးတဲ့အတိုင်း မလုပ်ရင် မဖြစ်တဲ့ အခက်အခဲတွေ ရှိမှာပါ ။ အမိန့်မနာခံရင် နောက်မှာကျန်ခဲ့တဲ့ မိသားစု ဒုက္ခရောက်မှာတို့ဘာတို့လိုမျိုးပေါ့ ဗျာ ။
   စစ်တပ် ကိုဒီလောက်ကာဆီးကာဆီး လိုက်ပြောနေလို့ ကျနော့် ကို ရုရှားစကော်လာ လို့ထင်နေပါဦးမယ်။ မဟုတ်ပါဘူးခင်ဗျ ။ နှစ်ဖက်စလုံးက လူငယ်တွေကို သင့်သင့်မြတ်မြတ်
 ဖြစ်စေချင်လို့ပါ ။ အန်တီစုကို ကျနော် အရိုးထဲက ချစ်ခင် ကြည်ညို လေးစား ပြီး အန်တီစု ပြောစကားတော်တော်များများ ကို ကိုးကားဖို့ရှိ ပေမယ်လို့ အန်တီစု လုပ်သမျှ အမှန်တွေချည်းပဲ
 ဆိုပြီးတော့ လိုက်ထောက်ခံနေ မှာလည်းမဟုတ်ပါဘူး ။
ကျနော်တို့ တစ်ဖက်နဲ့ တစ်ဖက် အာဃာတ တွေမထားပဲ စည်းစည်းလုံးလုံး သင့်သင့်မြတ်မြတ် နဲ့ လုပ်ရင် ဖြစ်ပါတယ် ။ ကျနော့် သဘောအရဆိုရင်
ဘယ်သူ့ ကို အလျှော့ပေးရပေးရ တိုင်းပြည် သာယာဝပြော မယ်ဆိုရင် တန်ပါတယ်ဗျာ ။ ကျနော်တို့ ကြားမှာရှိနေတဲ့ အမြင်မတူမှုတွေ ကို ညှိနှိုင်း
ယူ ပြီး အတူတူ အလုပ်လုပ်ကြရင် တိုင်းပြည်အတွက်ပိုအကျိုးရှိမှာပါ ။ဘလော့ဂ် တော်တော်များများမှာ မွတ်ဆလင် ဆန့်ကျင်ရေး မှတ်ချက် ( comments ) တွေ
လိုက်ရေးနေတဲ့ ကိုဇော်မျိုး ရဲ့ မှတ်ချက်တွေ သေသေချာချာ လိုက်မဖတ်ဖြစ်ပေမယ့် ဖတ်မိတဲ့ အထဲက ကျနော်သဘောကျတာတကခုရှိပါတယ် ။
( မွတ်ဆလင် ဆန့်ကျင်ရေး ကို ပြောတာမဟုတ်ပါဘူး ၊ တလွှဲမထင်ကြပါနဲ့ )
 " စည်းလုံးညီညွတ်ခြင်း ဆိုတာ အယူအဆ မတူတဲ့သူ တွေ ညှိနှိုင်းပြီး ရည်ရွယ်ချက်တခုအတွက် အတူတူ အလုပ်လုပ်ကြတာကိုပြောတာ " တဲ့ ။ စကားလုံး အတိအကျ တော့ မမှတ်မိတော့ဘူး။
သူပြောချင်တာတော့ အဲဒီ သဘောပဲ ။ အဲဒီဟာလေးတော့ ကျနော်သဘောကျတယ် ။ သူ့ စကားကို ကိုးကားချင်လို့ ဒေါက်တာလွဏ်းဆွေ ဘလော့ဂ် ထဲ
မှာပြန်ရှာတာ အဖျက်ခံလိုက်ရလို့ မရှိတော့ဘူး ။ သူကတော့ သူ့မှတ်ချက်တွေကို ဖျက်ပစ်ရပါ့မလား ဆိုပြီးတော့ ဆရာလွဏ်း ကို ပျစ်ပျစ်နှစ်နှစ် ပြန်ဆဲထားလေရဲ့။
အဲဒီ ကိုဇော်မျိုး တို့လိုလူတွေနဲ့လဲ ကျနော်စကားပြောချင်ပါတယ် ။ သူတို့ ရင်ထဲ အမှန်တကယ် ခံစားရတဲ့ ခံစား ချက်ကိုလဲ နားထောင်ချင်ပါတယ် ။
ဘယ်သူကအရင်စဆဲလို့ ဘယ်သူကပြန်ဆဲရပါတယ် ဆိုတဲ့ အဆဲဇာတ်လမ်းရဲ့ မူလဇစ်မြစ် ကို ကျနော် မသိပါဘူး ။  ဘယ်သူကပဲ စဆဲဆဲ အဲဒီလိုတွေ ဆဲနေကြ
ယုံနဲ့ မြန်မာပြည် ပြောင်းလဲတိုးတက်မလာတာတော့ သေချာပါတယ် ။ ကျနော်တို့ တဖက်ဖြစ်ချင်တာ ကို တဖက်က နည်းနည်းလေး စိတ်ရှည်ရှည်နဲ့ နားထောင်
ကြရအောင်လို့ တိုက်တွန်းပါရစေ ။ဘယ်ဖက်ကပဲပြောပြော တခြားသူတွေနားမထောင်ရင် ကျနော်နားထောင်ပါ့မယ် ။ ကြားထဲကနေ ဖြန်ဖြေရေးသမား ဝင်လုပ်ရအောင်
မင်းက ဘာကောင်လဲလို့ မေးရင် ကျနော် ဘာကောင်မှမဟုတ်ပါဘူး ။ မြန်မာပြည် သာယာဝပြောတာကို မြင်ချင်တဲ့ ၊ မြန်မာလူငယ် အများစုလိုပဲ တနေ့ကို ထမင်းနှစ်နပ်
စားပြီး လက်ဖက်ရည်ဆိုင် နှစ်ခါထိုင်တဲ့ သာမှန်လူတစ်ယောက်ပါ ။ မကျေနပ်လို့ ဆဲချင်ရင် ကြိုက်သလောက်ဆဲလို့ရပါတယ် ။ ကျနော့် ကိုဆဲလို့ မြန်မာပြည်သူတွေ
စားဝတ်နေရေးခြောင်လည်သွားမယ်ဆိုရင် ကျနော် ကျေကျေနပ်နပ်ကြီး ကိုအဆဲခံပါ့မယ် ။
    နောက်ဆက်ပါဦးမယ် ခင်ဗျ ။ တစ်ခါတည်း အပြီးရေးရင် တော်တော်နဲ့ တင်ဖြစ်မှာမဟုတ်လို့ တစ်ဖြတ်တစ်ဖြတ်စီ ရေးတင်ဖို့ စဉ်းစားထားပါတယ် ။
ပို့စ် တခုနဲ့တခု အရမ်းခြားနေရင် လာကြည့်တဲ့ သူတွေ ပျင်းနေမှာစိုးလို့ပါ ။

ချစ်သောညီအကိုမောင်နှမများအားလုံး ကျန်းမာရွှင်လန်းကြပါစေ

3 comments:

  1. ဒေါက်တာလွဏ်းဆွေ ဘလော့မှတစ်ဆင့် အလည်လာပါတယ်။ ဆက်ရေးပါ။

    ReplyDelete
  2. အားပေးတဲ့အတွက်ကျေးဇူးပါဗျာ ။ ဘယ်သူမှလာမကြည့်ဘူးထင်လို့ ပစ်ထားတာ သုံးလေးရက်ရှိပြီ။
    အားပေးတဲ့သူရှိလို့ တစ်အားတက်ရပါတယ် ။

    ReplyDelete
  3. ဒါဒုတိယအကြိမ်ရေးတာပါ။
    ပထမတုကိမ်မှတ်ချက်ထားခဲ့တာဘာမှမဘာတော့၊အော် မရေးစေချင်လို့ထင်ပါ ရဲ့တွေးမိတယ်။
    ဒီမှာဘလော့မှာမှတ်ချက်ရေးတာ၊စောင့်ဖတ်တာဟာ ဘလော့ပိုင်ရှင်ကြေငြာ
    ထားတဲ့မူကိုကိုက်လို့အားပေးချင်တာပါ။
    အဲ..ဆဲဆိုထိုက်သူကိုဆဲဆိုတာမကောင်းတဲ့အလုပ်မှန်းသိပေမယ့်
    ကောင်းကောင်းပြောလို့မှ၊မရ။မင်းတို့မှမင်းတို့ မှားတယ်။ငါတို့မှငါတို့အမှန်။
    ဆိုတဲ့သူတွေကိုဆဲမိတာတော့ကျွန်တော့အားနည်းချက်ပေါ့။
    ကျွန်တော်လဲ ဒေါက်တာလွဏ်းဆွေဘလော့ကတဆင့်လာတာပါ။
    ခင်ဗျား ဗမာမဟုတ်ဘူးဆိုတာသိပါတယ်။
    ကျွန်တော်ကတော့ “ဗမာ” ပဲ။

    ReplyDelete