Pages

Saturday, November 20, 2010

စကားဝိုင်းအဖွင့် မိတ်ဆက်

ပြည်တွင်းပြည်ပ မှ ချစ်သော ညီအကို မောင်နှမ အပေါင်းတို့ ခင်ဗျား ၊
   မနေ့ တနေ့ က (ကို)ဖိုးဇီဝ ဆိုတဲ့သူ က မိုးမခ http://moemaka.com/index.php?option=com_content&task=view&id=7678&Itemid=1 ကိုရေးပို့ထားတဲ့စာကို ဖတ်ရလို့ ဒီ လူငယ်စကားဝိုင်း ကို အစမ်း စ လုပ်ကြည့်တာပါ ။ ကိုဖိုးဇီဝ ရဲ့စာထဲမှာ အဆိုပြုထားတာက ပြည်တွင်းပြည်ပက လူငယ်တွေ  ဆွေးနွေး၊ ငြင်းခုန်၊ ချိတ်ဆက် နိုင်မည့်  နေရာတနေရာ သတ်သတ်မှတ်မှတ် ရှိနေရင် ပြောစရာရှိတဲ့အခါ လွယ်လင့်တကူပြောလို့လည်းရမယ်၊လုပ်ကိုင်ဆောင်ရွက်စရာတခုခုရှိရင်သတင်းပေးရတာလည်း လွယ်မယ်ပေါ့ ။ အဲဒီ လိုနေရာမျိုးကို သူကလိုချင်တာ ။ အဓိက က ပြည်တွင်း က လူငယ် တွေ ရဲ့ အသံ ကို သူက ကြား ချင်တာ။ပြည်တွင်းမှာ ဘာဖြစ်နေမှန်း မသိပဲနဲ့ အပြင်မှာ ကျွန်တော်တို့ ပြောချင်တာတွေ ပြောပြီး  ငပွကြီး ဖြစ်နေကြတာ ကြာပြီဗျ ။ ပြီးတော့ ကိုဖိုးဇီဝ က သူများ ဘလော့ဂ် တွေမှာ ကွန်းမန့် ဝင်ရေးတဲ့ ပုံစံ မျိုး မဟုတ်ပဲ
ခေါင်းစဉ် တခု  အောက်မှာ ဝိုင်းပြီး ဆွေးနွေး ငြင်းခုန် ညှိနှိုင်း ကြတဲ့ ဖိုရမ် ပုံစံ မျိုးကို လိုချင်ပုံ ပေါ်တယ်။
   အဲဒါ ကျွန်တော် ကိုယ်တိုင် က နည်းပညာ လည်း မကျွမ်းကျင် ၊ ဘလော့ဂ် တွေဘာတွေ လည်း မလုပ်ဖူးတော့ ဒေါက်တာလွဏ်းဆွေ
ဆီကို အီးမေးလ် နဲ့  " ဆရာလွဏ်း  ကိုဖိုးဇီဝ ပြောတဲ့ဟာ မျိုးလုပ်နိုင်ရင် ကောင်းမယ် "  လို့ လှမ်းပြောတာ သူ့ဆီက ဘာမှအကြောင်း
ပြန်တာ မတွေ့ ရ ၊ သူ့ ဘလော့ဂ် ပေါ်မှာလည်း အဲဒီ အကြောင်း တစွန်းတစ ဖော်ပြထားတာ မတွေ့ရ တော့ ဒီကိစ္စ ကို သူစိတ်မဝင်
စား လို့ ဖြစ်မယ် လို့ ယူဆရတဲ့ အတွက် ဒီဟာ လေးကိုပဲ ကျွန်တော် လုပ်တတ်သလောက်လေး လုပ်ထားတာပါ ။ဘလော့ဂ် အပြင်အဆင်
က အစ ဒါ့ထက် ကောင်းအောင် လုပ်ပေးနိုင်မည့် ညီအကိုမောင်နှမ တစ်ယောက်ယောက် ကို လည်းမျှော်နေပါတယ်ခင်ဗျ ။
 ခေါင်းစဉ်တခုအောက်မှာ ဆွေးနွေး ကြမယ် ဆိုလို့ ဘာခေါင်းစဉ်လဲ လို့မေးစရာရှိပါတယ် ။ လောလောဆယ်တော့ ဘာခေါင်းစဉ်ရယ်လို့
မရှိသေးပါဘူး ။ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ မြန်မာပြည် ဖြစ်လာဖို့ အရေး ကြိုက်သလို ဆွေးနွေး ငြင်းခုန်လို့ ရပါတယ်ခင်ဗျ ။  ကျွန်တော်စဉ်းစားမိတာလေးတွေ တချို့ ရှိပေမယ့် အခုနေ တစ်ခါတည်း ထည့်ရေးလိုက်ရင် မိတ်ဆက် ဆိုတဲ့ ခေါင်းစဉ်နဲ့ မလိုက်ပဲ အရှည်ကြီး လိုက်ဖတ်နေရမှာစိုးလို့ ။ နောက်တစ်ရက်နှစ်ရက် အတွင်း
သီးသန့် ပို့စ် တစ်ခု အနေနဲ့ တင်ပါ့မယ် ခင်ဗျ ။  ပြီးတော့
 ကိုဖိုးဇီဝ က လူငယ်တွေရဲ့ မြန်မာပြည် အပေါ်မှာ ရှိတဲ့ခံစားချက်တွေကို အန်တီစု နှင့် တကွ အန်အယ်လ်ဒီ ကလူကြီး လူငယ်တွေကိုလည်း
ဖတ်စေချင်ပါတယ်တဲ့ ။ ကျွန်တော့် တကိုယ်စာပြောရရင် ဗိုလ်ချုပ်မှူးကြီးနှင့် တကွ ဗိုလ်ချုပ်ကြီးတွေ ၊ ဗိုလ်ချုပ်ကလေးတွေ ကိုပါဖတ်စေချင်
တာခင်ဗျ ။ အဲဒီ လိုလူငယ်တွေ ရေးတာတွေကို လူကြီး တွေ ကိုဖတ်စေချင်ရင် ကျွန်တော် တို့ ဆဲတဲ့ဆိုတဲ့ အလေ့အထ ကို လျှော့ကြမှ ဖြစ်မယ်။
ကျွန်တော်တို့ မိုးမွှန် အောင်ဆဲခဲ့ကြ ပြီးပြီ ပဲဗျာ ၊ အခုတော့ နည်းနည်းလျှော့ကြတာပေါ့ ။ သဘောတူတယ် မဟုတ်လား ။ သဘော မတူလို့
ဆဲချင်ပါသေးတယ် ဆိုရင် ကျွန်တော့် ကိုဆဲကြပါ ။ တခြားလူတွေ ကို ဆဲထားတာတွေပါရင် ပြည်တွင်းက ညီအကိုမောင်နှမ တွေ ဝင်ဖတ် ဝင်ရေး
လို့ မရတော့မှာ စိုးလို့ ပါ ခင်ဗျ ။
  အခုလောလောဆယ်တော့ ဒီပို့စ် အောက်မှာရှိတဲ့ ကွန်းမန့်ဘောက်စ် ထဲမှာပဲ ဝင်ရေးကြပါ ဦး ။ နောက်ပိုင်းကျရင် ချက်ချင်းရေး ချက်ချင်းမြင်ရတဲ့
ဟာမျိုး ဖြစ်အောင် လုပ်နိုင်ဖို့ ကြိုးစားပါ့မယ် ။ အခုအတိုင်း အဆင်ပြေကြတယ်ဆို ရင်လည်း ဒီအတိုင်း ဆက်သွားကြတာပေါ့ ။
   နောက်အရေးကြီးတာ တစ်ခုက ဒီဟာကို မြန်မာပြည် တိုးတက်ပြောင်းလဲရေး အတွက် ဦးတည်ပြီး လုပ်တာဖြစ်တဲ့ အတွက် ဘာသာရေးနဲ့ ပတ်သက်တဲ့
 စော်ကားမော်ကား အသုံးအနှုန်း တွေပါတဲ့ ဟာတွေမရေးဖို့ အနူးအညွန့်တောင်းပန်ပါတယ် ခင်ဗျား ။တကယ်လို့ ပါလာခဲ့ရင် အဲဒါမျိုးတွေကို စိတ်မကောင်း
ချင်းကြီးစွာနဲ့ ဖျက်ပြစ်ရပါလိမ့်မယ် ။
တကယ်လို့ ကွန်းမန့်ဘောက်စ် ထဲမှာ မရေးချင်ဘူး ပို့စ် တစ်ခု အနေနဲ့ပဲ တင် ပေးစေချင်တယ် ဆိုရင်လည်း ကျွန်တော့် အီးမေးလ် warkhaun@gmail.com  ကိုပို့ လို့ရပါတယ် ။
ဘာသာရေးနဲ့ ပတ်သက်တဲ့  sensitive  ဖြစ်တဲ့ ဟာတွေ မပါဘူးဆိုရင် တစ်လုံးတစ်လေ မှ ဖြတ်တောက် ဖြည့်စွက် တာမလုပ်ပဲ မူရင်း အတိုင်း တင်ပေးပါ့မယ် ခင်ဗျ။
 လူငယ်စကားဝိုင်း ဆိုပြီး လူငယ်တွေကို အသားပေးထား ပေမယ့် လည်း အသက် အရွယ် မရွေး ၊ လူမျိုးမရွေး ၊ ဘာသာမရွေး ၊အရပ်ဒေသမရွေး ဘယ်သူမဆို ဝင်ဆွေးနွေး လို့
ရပါတယ် ။ အမေရိကား ကဖြစ်ဖြစ်၊ ရုရှား ကဖြစ်ဖြစ်၊ မြဝတီ-မဲဆောက် ကဖြစ်ဖြစ်၊ ကြည့်မြင်တိုင် ကဖြစ်ဖြစ်၊ နေပြည်တော် ကဖြစ်ဖြစ် ၊ ကချင် ကယား ကရင် ချင်း ဗမာ မွန် ရခိုင်
 ရှမ်း ဖြစ်ချင်ရာဖြစ် ဖြစ်ဖြစ်၊ စစ်သားဖြစ်ဖြစ်၊ စစ်ဗိုလ်ဖြစ်ဖြစ်၊ ကျောင်းအုပ်ဆရာကြီးဖြစ်ဖြစ်၊ ဆိုက်ကားသမားဖြစ်ဖြစ်၊ ကျောင်းသားဖြစ်ဖြစ်၊ ဂေါပက ဖြစ်ဖြစ်၊ ပဲပြုတ်သည် ဖြစ်ဖြစ်၊
 အဆိုတော်ဖြစ်ဖြစ် ၊ အငြိမ့်မင်းသမီး ဖြစ်ဖြစ် ဘယ်သူ မဆိုဝင်ရေး နိုင်ပါတယ်။ ပြန်ဆွေးနွေးတဲ့ သူမရှိရင် ကျွန်တော်တစ်ယောက်တည်း ဒိုင်ခံ ပြန်ဆွေးနွေးပါ့မယ် ။

  ချစ်သောညီအကိုမောင်နှမအားလုံး ကျန်းမာ ရွှင်လန်းကြပါစေ ခင်ဗျား ။

      လေးစားစွာဖြင့်
                  ဝါခေါင်

6 comments:

  1. Thanks for the blog:) Bay

    ReplyDelete
  2. အေးဗျာ အဲဒီလိုပြေပြေလည်လည်ပြောမယ့်ဆိုမယ့်ဆွေးနွေးကြမယ့်သူတွေကို
    မျှော်နေတာပါဗျာ။ဒါပေမယ့်ပတ်မကြီးဖေါက်မယ့်သူတွေနဲ့ပဲတိုးနေတယ်။
    ပြေရာပြေကြောင်းစပြောနေတာကိုမှနင်ပဲ။နင်တို့မှနင်တို့ပဲ။နင်မလုပ်လဲနင်နဲ့တမိုင်လောက်မှာနေတဲ့ကောင်တွေ၊မင်းလိုပုဆိုးမျိုးဝတ်ထားတဲ့ကောင်တွေလုပ်တယ်။
    အဲဒီတော့နင်လဲအတူတူပဲဆိုတဲ့လူတွေနဲ့တွေ့ရတော့ကျွန်တော်လဲလူမိုက်ပဲလုပ် လိုက်တယ်။(စကားမစပ်ကျွန်တော်“ဗမာ”ပါ။ဘယ်သူတွေဘယ်လိုပြောပ စေကျွန်တော်ကတော့“ဗမာ”ပဲ။ဒါပေမယ့်လူမျိုးကြီးဝါဒသမားတော့မဟုတ်ဘူး။ယုံချင်မှယုံပါ။ဒါတွေဆွေးနွေးနေဖို့လဲမရည်ရွယ်ဘူး။ဒေါက်တာလွဏ်းဆွေဘလော့ဂ်မှာ ရန်စွယ်ငေါငေါဖြစ်နေကြတာကိုကြည့်မရလို့ဝင်ရေးတာသက်သက်ပဲ။
    အဲဒီကနေဒီကိုရောက်လာတော့ ဘလော့ဂ်ပိုင်ရှင်ရဲ့မူကိုကြိုက်လို့မှတ်ချက်ထားခဲ့တာ။ဒါပါပဲ။

    ReplyDelete
  3. အားပေးတဲ့အတွက်ကျေးဇူးပါဗျာ ။ ဘယ်သူမှလာမကြည့်ဘူးထင်လို့ ပစ်ထားတာ သုံးလေးရက်ရှိပြီ။
    အားပေးတဲ့သူရှိလို့ တစ်အားတက်ရပါတယ် ။ ဘယ်သူနဲ့ပဲဖြစ်ဖြစ် ပြေရာပြေကြောင်း ဆွေးနွေးဖို့ ကျနော်အဆင်သင့်ရှိပါတယ်။ ကျနော့်မှာ ကျနော့်ကိုချစ်ကြတဲ့ ကျနော်ကလည်းချစ်တဲ့
    ဗမာ သူငယ်ချင်းအရင်းခေါက်ခေါက်တွေအများကြီးပါခင်ဗျ ။ ကျနော့် တစ်ကိုယ်စာ အမြင်က ခွဲထွက်ရေးထက် ဖယ်ဒရယ် ကို ပဲစိတ်ဝင်စား
    ပါတယ်။ အရှေ့တောင်အာရှ က မြန်မာ ကိုနိမ်တဲ့ ထိုင်း ၊ မလေးရှား ၊ စင်ကာပူ တို့နဲ့ယှဉ်ပြိုင်ဖို့ဆို အခုရှိနေတဲ့ နယ်မြေအကျယ်အဝန်း နဲ့ လူဦးရေ
    အနေအထားနဲ့မှ ဖြစ်နိုင်မယ်လို့ ယုံကြည် လို့ပါ။ ကျနော်လဲ လူမျိုးရေး ကိုဆွေးနွေးဖို့ ထက် ကျနော်တို့ အကုန်လုံး ( စစ်တပ်အပါအဝင် ) ညီညွတ်
    ကြဖို့အရေးကို ဆွေးနွေးဖို့ပဲ အားသန်ပါတယ်။ ဒေါက်တာလွဏ်းဆွေ ဘလော့ဂ် မှာဝင်ရေးတာ ( ရဲဘော်) ကိုကျော်သန်း ရဲ့အမြင်ကိုသဘောမတူလို့
    ပါ။ အဲဒါ တိုင်းရင်းသားတွေရဲ့ ခံစားချက်ကိုပါထည့်ရေးတော့ ဆရာလွဏ်း က ဗမာ သိက္ခာကိုထိခိုက်တယ်လို့ ယူဆလို့လား မသိဘူးဗျ ၊ နှစ်ခါဝင်ရေးတာ
    နှစ်ခါစလုံး ဖျက်ပစ်လိုက်ပါတယ်။

    ReplyDelete
  4. Very good, ur introduction is very light.

    ReplyDelete
  5. အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျား ။

    ReplyDelete